ကျွန်တော်နှင့်နတ်ဝင်သည်မှရရှိသည့်အတွေ့အကြုံ

ကျွန်တော်နှင့်နတ်ဝင်သည်မှရရှိသည့်အတွေ့အကြုံ
အခုကာလမှာတော့ အခြား ခေါင်းစဉ်ဖြင့်ရေးချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လိုရင်းကိုဆွဲ ဆန့်ရေးသားသည့်အတွက်စာရှည်မည်ကိုကြိုတင်တောင်းပန်ပါရစေ စာရေးသူ သည် ယခင် ၂၀၁၀ လောက် က မြန်မာသူငယ်ချင်းများနေ့ မှာတော့ စာတွေရေးသားခဲ့ပါသည် နောက်ပိုင်း စာရေးပျင်းလာခြင်း အလုပ်မအားသည့်အတွက် စာအထိုင်မကျဖြစ်ခြင်း၊စာလုံး ပေါင်း သတ် ပုံမှားလျှင်သည်းခံခွင့်လွှတ်ပါ လို့ ကြိုတင်တောင်းပန်အပ်ပါသည်။ နတ်ပွဲတစ်ခုမှာ နတ်ဆိုင်းသံကြားတာနှင့်ဟုတ် ဟုတ်မဟုတ်ဟုတ် ထပူးပြီးလျှောက်ကနေတော့ကြည့်ရ တာအလွန်သရုပ်ပျက်ရပါသည်။ လိပ်ပြာနုလို့ကတယ်ပြောပြော စိတ်မခိုင်လို့ ပူးတယ်ပြောပြော သဘာ မရှိ /အတွေ့အကြုံမရှိရင်တော့ကြည့်ရဆိုးလှပါတယ်။ စာရေးသူအတွေ့အကြုံအရ နတ်ပွဲမှ ပထမအကြိမ် နတ်က ကတုန်းကတော့ နတ်ဆရာတွေ ကတာကို ကြည့်ပြီးသူတို့အတိုင်းကကြည့်မယ်လို့ ဆို ပြီးကတာပဲ ပထမအကြိမ်ဆိုတော့ အလွဲအမှားနဲ့ကတာတွေ ကမလှ လျှောက်က တာပေ့ါ Video ရိုက်တာကိုပြန်ကြည့်မှ ငါကတာတော်တော်ရုပ်ဆိုးပါလား ရီစရာ ကြီးကိုဖြစ်နေတယ်ပေ့ါ ...................... ဒီလိုနဲ့စာရေးသူလည်းဘယ်ရမလဲ သူများနတ်ကတာကိုကြည့် တာပေ့ါ အင်တာနက်က ရှာတာပေ့ါ လေ့လာတာပေ့ါ ဒီနတ်ဆိုဒီလိုကရတယ်ဆိုတာသေသေချာချာ မှတ်သားထားတာပေါ့.......................နောက်နတ်ပွဲတစ်ခုမှလည်း နတ်က ကပြန်ကော ကတော့လည်း ကြည့်လို့မကောင်း တစ်ကွက်နှစ်ကွက်လောက်သာလှပြီး မူးက ကနေတော့ရီစရာ ကြီး ပေါ့ ..... အဲ့လိုနဲ့ နတ်ပွဲတွေလိုက်ကြည့် ကကြည့် ရင်းနဲ့မှ အတွေ့အကြုံတွေရလာတော့ နတ်က ကတာ ငါတော်တော်လှနေပါလားဆိုတာကို သိမိလာတယ်.......... ကတာလျှင်မရသေးကြောင်းထပ်မံသတိထား မိလာသးတယ် ......... ဘာလဲဆိုတော့ နတ်စကား နန်းသုံးစကားတွေသင်ရသေးတယ်....................အဲ့လို အဖက်ဖက်မှ သင်ယူ အတွေ့အကြုံယူပြီးမှ နတ်ကကတာ နတ်စကား နန်းသုံးစကား တွေပါလေ့လာ ရ သေးတယ် ........................စာရေးသူသိရှိလာတာက လောကမှာလေ ဘယ်ဟာမဆို ပညာအရပ်ရပ် တွေ က လေ့လာသင် ယူ အတွေ့အကြုံမှရရှိလာတယ်ဆို တာကို သတိထားမိလာတယ်ဘယ်အတွေ့အကြုံ မှ အလကားရရှိတာမဟုတ်ဘူး ကြိုးစားအားထုတ်မှု လေ့လာမှု တွေပေါင်းများစွာမှရရှိလာတယ်ဆိုတာ သိ ရှိရတယ် -------------------------------------
နတ်ဆရာ သည် ဘီလူးဆိုင်း တီးရင်းဘီလူးကက ရသလို မနှဲလေးဆိုင်း တီးရင် မနှဲလေးအက တော့ က တတ် ရမယ် ... ဘယ်နတ်ကဘယ်လိုနတ်စကားတွေပြောလဲ ဆိုတာကအစလေ့လာမိလာတယ်--------- တစ်ချို့တွေ့ ထထပူးနေပြီးကနေတာ‌တွေမြင်ဘူးတယ်အတွေ့ အကြုံကမရှိပဲ ဘီလူးသိုက်ဆိုင်း တီး တာကို ဘီလူးသိုက်ရုပ်မပေါက်ပဲ မနှဲလေးက ကနေတော့ ကြည့် မကောင်းဘူး‌ပေါ့ .............အဲ့မှာ သဘာ ဆို တာပြောချင်တယ် တစ်ချို့ နတ်ဆရာမဟုတ်ပဲ သဘာ ရှိ တဲ့လူကတော့ အဲ့ဆိုင်းက ဘီလူးသိုက် ဆိုင်း ဆိုဘီးလူးက ကို စနစ်တကျကတတ်တယ် နတ်ဆရာတွေ ထက်တောင် ကတာပိုကြည့်ကောင်းတာပေါ့ အဲ့မှာ စာရေးသူ ထပ်မံသိရှိရတာက ဘီလူးဆိုင်းတီးရင်ဘီလူး က ကတတ်ရသလို မနှဲလေးဆိုင်းတီးရင် မနှဲလေးအကတော့ကတတ်ရမှာပေါ့ လောကမှာလဲ ဘီလူးလို လုပ်မယ်ဆိုရင်ဘီလူးလိုလုပ် ပါ မနှဲလေး ဆိုမနှဲလေးလို က ရမယ် မနှဲလေးနှင့်တူအောင်လုပ်ဆောင်ရမှာ ပေါ့ ဘီလူး က ကရမှာလို မနှဲလေးလို က တော့ ဘယ်လိုကြည့်ကောင်းမလဲ ဘယ်အရာရောက်မလဲ ရောနှောရင်လည်းကြည့်မကောင်းဘူးလေ...... ဒါကြောင့် စာရေးသူကတော့ ဘီလူးကချိန်ရောက်ရင်ဘီလူးကတော့ ကရမယ် ၊မနှဲလေးလိုကချိန်ရောက် ရင် တော့မနှဲလေးအက တော့ ကရမယ် ဆိုတာကိုလေ့လာသိရှိလာတယ်............................................. နောက်တစ်ခုက နတ်ဆရာတော်တော်များ များ ဟာ နတ်ဆရာကြီးတွေထံမှာ အရင်တပည့်ခံပြီး နတ် စတော်စာ (နတ်ကပ်သည့်အစားအစာ)ချက်ကတယ်၊ စီစဉ်ကတယ်၊ သန့်ရှင်းရေးလုပ်ကတယ်၊အဲ့ဒါ တွေ လုပ်ပြီးမှ အပျိုတော်ကတယ် ၊ နတ်ကျွဲတွေကတယ် ၊ နတ်ကျားတွေကရတယ် တဖြေးဖြေးသင်ယူ လေ့လာပြီးမှ ရွှေတိုက်တော်စာရင်းဝင်နန်းတော်ကြီးတတ်ပွဲ ကရတယ် နန်းတော်ကြီးတတ်ပွဲဆိုတာ တောင်ပြုံးမင်း၂ပါးနန်းမှာ တောင်ပြုံးပွဲကျင်းပတဲ့နေ့ စာရေးသူ နေ့မေ့နေလို့ပါ......😊😊😊 အဲ့မှာ နန်းတော်ကြီးတတ်ပွဲကို (၁)နှစ်ထဲ တတ်ကရတာမဟုတ်ဘူး (၃) နှစ်ဆက်တိုက် နန်းတော်ကြီးမှာ အမတ်ချုပ်၊မူးကြီးမတ်ရာတွေနဲ့တွဲပြီး မင်း၂ပါးအရှေ့မှာလှူဖွယ်ပစ္စည်း ၊ ရေစင်ကြေး နဲ့ ကပ်ပြီးမှ အခစားဝင် မှ သာ ရွှေတိုက်တော်စာရင်းဝင် နတ်ဆရာဖြစ်တယ် ၊ ရွှေနန်း တော် မတတ်ပဲ အပြင်မှာ နတ်ဆရာသဘာဝါရင့်ခေါင်းဆောင်းလဲရှိပါတယ် ............................... ရွှေတိုက်တော်စာရင်းဝင် ပြီးမှဂုဏ်ရှိတာလေ ဒါမှ ဂုဏ်ရှိတာလေ... အဲ့မှ အပေါ်က နတ်လမ်းလိုက်ပြီး အောက်ခြေသိမ်းလုပ်ပြီးမှ အဆင့်အဆင်တတ်လာရတယ်ဆိုတာကို စာရေးသူကတွေ့ရှိလာတော့ ....... အောက်ခြေသိမ်းလုပ်ပြီး၊ တစ်ဆင့်ခြင်းတတ် ၊ အတွေ့အကြုံတွေရှိမှ သာ အဆင်ပြေကြောင်း၊နတ်ဆရာ တွေက အောက်ခြေက တတ်လာတော့ အလုံးစုံနားလည်းပြီး အဟောကောင်း ၊ အလုပ်ကောင်းနေတာကို သိရှိလာရတယ်......... တစ်ချို့ရွှေတိုက်တော်စာရင်းဝင်ပြီး တိမ်မြှုပ်နေတဲ့ နတ်ဆရာတွေလည်း ရှိပါတယ် သူတို့က ပိုက်ဆံရှိပြီး သူများကလို့ ကတာ သူများလုပ်လို့လုပ်တာ အောက်ခြေမခိုင်တော့ နာမည်မရှိတိမ်မြှုပ်နေတဲ့ နတ်ဆရာ တွေလည်းရှိတယ်ဒါပေမဲ့သူတို့က ငွေရှိ ပိုက်ဆံရှိတော့ အကြီးအကျယ်သူများနည်းတူလိုက်လုပ်တော့ နတ်လမ်းစဉ်တွေမှား လုပ်ချင်တာလုပ်တော့ ယုံကြည်သူလည်းအကျိုးမရှိ ၊ နတ်တွေကိုလည်း သိက္ခာချ သလိုဖြစ်နေတာပေါ့ နတ်ကိုင်ခံရတာပေါ့ .............စာရေးသူထပ်မံသိရှိရတာက လောကမှ ငွေရှိပြီး အောက်ခြေမခိုင် လုပ်ချင် တာလုပ်လဲ ကြာရှည်မခံ အလုပ်မှားအကိုင်မှားတွေဖြစ်ပြီးဆုံးရှုံးမှု တွေများပါ လားဆိုတာထပ်မံသိရှိလာ ရတယ်........................... တစ်ချို့ ရွှေတိုက်တော်စာရင်းမဝင် ခေါင်းဆောင်းနတ်ဝင်သည်(အိမ်တွင်းနတ် ၊ မင်း(၂)ပါး၊ ကိုကြီးကျော် စသည်ဖြင့်နတ်တစ်ပါးပါးကို အစွဲပြုထားခြင်း ) နတ်ဆရာတွေလည်းရှိပါတယ်................ သူတို့က ရွှေတိုက်တော်စာရင်းမဝင်ပင်မဲ့ သူတို့ကို ယုံကြည်သက်ဝင်သူတွေကအရမ်းပေါများတယ် ..... သူတို့ကနတ်လမ်းစဉ်တွေကို ရှေးရိုးမပျက်ဆောင်ရွက်တယ်...အမှားအယွင်းမခံ နတ်ဆိုင်းဆိုနတ်ဆိုင်းပဲ တီးကတယ် ..အခြား သီးချင်း ပေါ်ပြုလာတွေမတီးဘူး...မကဘူး ..... ဘီလူးကဆိုဘီလူးကပဲ ရှုပ်ထွေးနေ အောင်မလုပ်ဘူးရိုးရှင်းတယ်ပြတ်သားတယ် ............. စာရေးသူထပ်မံသိရှိလာတာက ဂုဏ်တွေမရှိပင် မဲ့ လုပ်ကမဲ့လုပ်ငန်းတွေကို ရိုးရှင်းပြီး အမှားအယွင်းနည်းစွာလုပ်နိုင်ရမယ်၊ လမ်းစဉ်အတိုင်းပြတ်သားစွာ လုပ်ဆောင်မှ သာ အောင်မြင်မှုတွေလည်းရှိပါတယ်ဆိုတာသိရှိလာတယ်............................................... တစ်ချို့နတ်ဆရာတွေမှာ တပည့်သားသမီးတွေရှိပါတယ် .... တပည့်သားသမီးတွေဘာနတ်ကရင်နတ်ကျ တယ်ဆိုတာ ( ကတာလှတယ် နတ်ကသလို) ဆိုတာ နတ်ဆရာတွေကသိတော့ အဲ့တပည့်ကို ဘီလူး က ကရင် သူကတာလှတယ် နတ်ကျတယ် ဆို သူ့ကိုဘီလူးကကခိုင်းတယ် ၊ တပည့် ကနေချိန်တွင်လည်း နတ်ဆရာက ဘီလူးနတ်နှင့်သက်ဆိုင်သည့် အသုံးအဆောင် လုပ်ပိုင်ခွင့် တွေကို အပြည့်အဝလုပ် ဆောင် ခွင့်ပြုထားတယ် ဒါမှသာ ဘီလူးနတ်နှင့်တူမှာလေ (နတ်ကျမှာလေ)နတ်ဆရာတွေကတော့ အကုန် က တတ်ရမှာပေါ့ နတ်တပည့်သားသမီးတွေကလည်း ပညာအကုန်သင်ပေးပြီး ပညာတွေ အကုန်ပေး တာပေ့ါ တစ်ချို့နတ် ဆရာတွေဆို တောင်မကွယ်ခင်( မသေဆုံးခင်) အမွေတွေပေးခဲ့တယ်.................... စာရေးသူထပ်မံသိရှိလာရတာတော့ ပညာမစုံသေးဘူးဆိုရင်တောင် သူနဲ့လိုက်ဖက်တဲ့လုပ်ပိုင်ခွင့်ကိုပေး လုပ်ရတယ်...ဒါမှ သူက မာန်ပါပါနှင့်လုပ်မှ အလုပ်မှာအဆင်ပြေချေမွေ့မှာပါလားဆိုတာသိရှိလာတယ်။

Comments