ကျွန်တော်နှင့်နတ်ဝင်သည်မှရရှိသည့်အတွေ့အကြုံ အခုကာလမှာတော့ အခြား ခေါင်းစဉ်ဖြင့်ရေးချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လိုရင်းကိုဆွဲ ဆန့်ရေးသားသည့်အတွက်စာရှည်မည်ကိုကြိုတင်တောင်းပန်ပါရစေ စာရေးသူ သည် ယခင် ၂၀၁၀ လောက် က မြန်မာသူငယ်ချင်းများနေ့ မှာတော့ စာတွေရေးသားခဲ့ပါသည် နောက်ပိုင်း စာရေးပျင်းလာခြင်း အလုပ်မအားသည့်အတွက် စာအထိုင်မကျဖြစ်ခြင်း၊စာလုံး ပေါင်း သတ် ပုံမှားလျှင်သည်းခံခွင့်လွှတ်ပါ လို့ ကြိုတင်တောင်းပန်အပ်ပါသည်။ နတ်ပွဲတစ်ခုမှာ နတ်ဆိုင်းသံကြားတာနှင့်ဟုတ် ဟုတ်မဟုတ်ဟုတ် ထပူးပြီးလျှောက်ကနေတော့ကြည့်ရ တာအလွန်သရုပ်ပျက်ရပါသည်။ လိပ်ပြာနုလို့ကတယ်ပြောပြော စိတ်မခိုင်လို့ ပူးတယ်ပြောပြော သဘာ မရှိ /အတွေ့အကြုံမရှိရင်တော့ကြည့်ရဆိုးလှပါတယ်။ စာရေးသူအတွေ့အကြုံအရ နတ်ပွဲမှ ပထမအကြိမ် နတ်က ကတုန်းကတော့ နတ်ဆရာတွေ ကတာကို ကြည့်ပြီးသူတို့အတိုင်းကကြည့်မယ်လို့ ဆို ပြီးကတာပဲ ပထမအကြိမ်ဆိုတော့ အလွဲအမှားနဲ့ကတာတွေ ကမလှ လျှောက်က တာပေ့ါ Video ရိုက်တာကိုပြန်ကြည့်မှ ငါကတာတော်တော်ရုပ်ဆိုးပါလား ရီစရာ ကြီးကိုဖြစ်နေတယ်ပေ့ါ ...................... ဒီလိုနဲ့စာရေးသူလည်းဘယ်ရမလဲ သူများနတ်ကတာကိုကြည့် တာပေ့ါ အင်တာနက်က ရှာတာပေ့ါ လေ...