မှတ်မှတ်ရရစကားစုများ

မှတ်မှတ်ရရစကားစုများ ၂၀၁၁ ခုနှစ်မှာ လုပ်ငန်းခွင်စရောက်ဝင်တော့ အခက်အခဲမျိုးစုံနှင့်ကြုံတွေ့ကြရတယ် ................... လူအမျိုးမျိုးနှင့်တွေ့ကြုံရတာလည်း အခွင့်အရေးတစ်ခု အတွေ့အကြုံတစ်ခုလို့ ပြောလို့ရတာပေါ့ ...................... အချိန်ပိုင်း တရုတ်စကားပြန်လုပ်တယ် , တရုတ်စာသင်တယ် စကားပြန်လုပ်တာဧည့်သည်မရှိရင် တော့ ထိုင်နေပါ့ ...............:) တရုတ်စာသင်တာကလည်း တစ်ဝိုင်းကို အဲ့ခောတ်က ၆၀,၀၀၀/-ကျပ်ရတာ ၂ ဝိုင်းပဲ ရှိ ရင်အေးဆေး သာယာတာပေါ့ ............ နွေရာသီပြီးအတန်းကြီးလို့ စာဆက်မတင်တော့ဘူလို့ မိဘ ကပြောလိုက်ရင် ရင်ထဲကိုလေ အပ်ပေါင်းမြောက်များစွာနဲ့ထိုးလိုက်သလိုပဲ နင့်နေအောင်ခံစားရတာ ............................ :( ကလေးတွေကိုလည်းလွှမ်းတာပေါ့ မျက်ရည်တွေကိုထိမ်း တာပေါ့ မျက်ရည်ကျတာ စာသင်သောသူတွေနဲ့ သံဃောဇဉ်တွေဖြစ်နေလို့ပါ လစာ မရတော့တာတော့ နောက်ပေါ့ဗျာ................. အဲ့လိုနဲ့မဖြစ်သေးဘူး အလုပ်တစ်ခုလောက်တော့လုပ်မှ ရမယ် စာသင်တာလည်းသင်တာပေါ့ အလုပ်လုပ်ရင်းနဲ့ ညဘက်တွေသင်လို့ရပါတယ်လို့တွေးရင်း အလုပ်လိုက်လျှောက်တာပေါ့ဗျာ့................... အခွင့်အလမ်းဂျာနယ် ကို အပတ်စဉ်ဝယ် အလုပ်လိုက်လျှောက် ................ Agent တွေကိုပါ CV ဖောင် တင် ........................အဲ့လိုနဲ့ .....................:P ကံကောင်းချင်တော့ Device ကနေ စကားပြန် နှင့် ရုံးဝန်ထမ်း အလုပ်နဲ့တဲ့ ပြည်သူ့ရင်ပြင်မှာလုပ်ကမှာပေါ့ အဲ့မှာအင်တာဗျူးဝင်ကမယ်ဆိုတော့ပျော်ပြီလေ အင်တာဗျူး တာပေါ့..................... အင်တာဗျူးပြီးအလုပ်ကရကော လစာ ၈သောင်းနဲ့ လုပ်ကြည့်တာပေါ့ လုပ်ရင်းနဲ့ အဲ့က နိုင်ငံခြားသားနဲ့အဆင်မပြေ၊မန်နေဂျာ စီနီယာတွေက ဟင်းဝယ်ပေးပါအုန်း ၊မိတ္တူဆွဲပေးပါအုန်း ၊ ဟိုဟာလုပ်ပေးပါအုန်း ဆို တော့ ဘာမှမသိတဲ့ သားသားလေးက လုပ်ပေးကတယ် ၊ နိုင်ငံခြားသားနဲ့အဆင်မပြေတော့ ထွက်မယ်ပေါ့ ထွက်စာတင် တယ် ...................... အဲ့မှာ (၂)ယောက်သောသူကိုအခုထိ နာမည်လည်းမှတ်မိသလို တကယ် ကျေးဇူးတင်ရှိတဲ့ပုဂ္ဂိုလ်တွေ GM ဉီးသိမ်းစိုး နှင့် Project Manager ကိုဉာဏ်မြတ်မင်း က မင်းအသက်ခုမှငယ်ငယ်လေး အလုပ်တစ်ခုရဖို့မလွယ်ဘူး ခုရေတွင်းတူးခုရေကြည်သောက်လို့မရဘူး၊ အရိပ်မရခင်တော့ နေပူမှာမကြောက်နဲ့ , မင်းအခြားအလုပ်သွားလုပ်တော့ကော အဆင်ပြေမှာတဲ့လား ဒီတိုင်းဆိုမင်းဘက်ကရှုံးပြီပေါ့ နေရာတိုင်းမှာအခက်အခဲရှိတယ် မင်းလည်းမင်းအဆင်မပြေမှုတွေရှိသလို ငါတို့လည်းအဆင်မပြေမှုတွေရှိတယ် ဒါတွေကို ကျော်ဖြတ်မှ မင်းအောင်မြင်မှာပေါ့ ၊ ဘာမှမသိ ဘာမှမတတ်ရင် လေ့လာပြီးသင် အလုပ်လုပ်ရင်း အလုပ်ကနေ လစာလည်းယူ အတွေ့အကြုံဗဟုသုတ အမြတ်တွေယူ ရိုသားစွာဖြင့်ကြိုးစားပေါ့ကွာ တဲ့ အဲ့လိုနဲ့လုပ်ခဲ့တာ (၅)နှစ်နီးပါကြာတယ် နိုင်ငံခြားတွေလည်းရောက်တယ် စင်္ကာပူ , တရုတ်ပြည်ကွမ်ကျိုး ၊ကျန်းကျိုး၊ ဖူကျိုး , Business Management , HR သင်တန်းတွေ တတ်ကတယ်အဲ့တုန်းက သင်တန်းကြေးက ၁၅ သိန်း လောက်ရှိတယ် .................... ကျွန်တော်ပြောချင်တာက ...............
အလုပ်လုပ်မယ်ဆိုရင်
အတွေ့အကြုံကော ဗဟုသုတတွေကိုယူပါ အရှုံးမရှိပါဘူး
ရိုးသားကြိုးစားသည့် ဝန်ထမ်းတိုင်းသည် အောင်မြင်မှုရရှိမှာပါ ခုရေတွင်းတူးခုရေကြည်သောက်လို့မရသလို အရိပ်မရခင်တော့နေပူမှာမကြောက်ပါနဲ့ .... နေရာဌာနတိုင်းမှအဆင်မပြေမှုတွေရှိကြစမြဲပါ.. အဆင်မပြေတိုင်းသာ မလုပ်ရင်အောင်မြင်မှုဆိုတာရှိမည်မဟုတ် အဆင်မပြေမှု တွေကို အဆင်ပြေမှုများဖြင့်သာကျော်လွှားလိုက်ပါ အောင်မြင်မှုကိုရရှိလာမှာပါ

Comments